ရှေ့အပတ် အင်ဒိုနီးရှားက ဘာလီကျွန်း ကို သွားရမယ်။ အသွားအပြန် ၅ ရက်ပဲကြာမယ်။ မလေးရှား ကွာလာလန်ပို ကတဆင့်သွားရမှာ။ လေဆိပ်မှာ တစ်ညအိပ်ရမယ်တဲ့။ အပြင်ထွက်လည်ချင်တယ်၊ ဒါပေမဲ့ တစ်ယောက်ထဲသွားရမှာဆိုတော့ လမ်းပြောက်ပီး လော့စ်နေရင်ဒုက်ခ ဆိုတော့ လေဆိပ်ထဲပဲ ငုတ်တုတ်ထိုင်နေဖို့ စဉ်းစားထားတယ်။ ဂျကာတာ က အင်ဒိုနီရှန် Fr. တစ်ယောက်က မနေ့ကဖုန်းဆက်ပီး လာဖို့ဖိတ်ပေမဲ့ အလုပ်က ခွင့်မရလို့ မလာဖြစ်တော့ဘူးပြောလိုက်တယ်။ နောက်တစ်ခေါက်သွားဖြစ်ရင်တော့ ဝင်ဖြစ်အောင်ဝင်ခဲ့ပါ့မယ်လို့ ပြောလိုက်ရတယ်။ သူက ဖီဂျီမှာ နေသွားဖူးတယ်။ အရမ်းခင်တယ်။ ကြက်တောင်ရိုက်ဖက်တွေ။ ဘာလီမှာတော့ အသိမရှိဘူး...ဗမာတွေ အဲဒီမှာရှိမလားမသိဘူး။ မြန်မာဘလော့ဂါတွေ ဘာလီမှာရှိရင် နှုတ်ဆက်ချင်ပါတယ်။ ဆက်သွယ်ပါ။ စကားလေး၊ ဘာလေး ပြောရတာပေါ့။ ကွန်းဖရန့်စ် တစ်ခုတက်ဖို့သွားတာပါ။ very exciting yet very nervous ပါပဲ။ ကွန်းဖရန့်စ်ထဲ အင်တာနက်ရမယ်ဆိုရင်တော့ လိုက်ဖ် တွစ်တင်း လုပ်ဖို့စိတ်ကူးထားပါတယ်။ လပ်တော့ပ် ယူသွားမှဆိုတော့ ဟိုတယ်ကတဆင့် ဘလော့လို့ရရင်ရမယ်ထင်ပါတယ်။ ကြည့်လိုက်ဦးမယ်လေ။ ဘာမှာကြဦးမလဲ။
ဟိုအပတ်ကတည်းက ကွန်ပြူတာအသစ်မှာ ဟိုဟာထည့် ဒီဟာထည့်လုပ်နေတာ။ ဇော်ဂျီလက်ကွက်ထည့်ထားတာ လော့ဂ်အင် အသစ်နဲ့ဝင်တော့ လက်ကွက်က ဘယ်ရောက်သွားမှန်းမသိဘူး။ System32 folder ထဲက file ကို delete ပီး ပြန် install မှ လက်ကွက်က language settings ထဲပြန်ပေါ်လာတယ်။ zawgyi.net က ခုထိ ဒေါင်းနေတုန်းပဲ။ ဘာဖြစ်နေလဲမသိဘူး။ မြန်မာလိုရေးဖို့ ခေါင်းထဲထည့်ထားတာလေးတွေ၊ လက်ကွက်ပြသနာတက်နေတာနဲ့ ရေးချင်စိတ်တောင်မရှိတော့ဘူး။ နောက်မှ ပြန်စဉ်းစားပီးရေးတော့မယ်။ type တာကလဲ အကြာကြီး အပြင်းထူတယ်။ ခေါင်းထဲရှိတာလေးတွေ ကွန်ပြူတာက သူ့အလိုလို type ပေးသွားရင်သိပ်ကောင်းမှာပဲ။ speech recognition program လိုပြောလိုက်တာနဲ့ နောက်ကလိုက်ရေးသွားတာမျိုးပေါ့။
ခုတလော twitter ဖက်ကိုခြေလှမ်းအတော်ရောက်နေတယ်။ ဘလော့ဂ်ပိုစ့်ရေးရတာ အပြင်းထူလို့ လွယ်လွယ်ပီးတဲ့ twitter ကိုပဲလှမ်းတင်နေမိတယ်။ twhirl ဆိုတာလေး install ထားတာ အရမ်းကြိုက်တာပဲ။ သူငယ်ချင်းတွေတင်တာတွေကိုကောင်းကောင်းလိုက်ကြည့်လို့ရတယ်။ multiple account နဲ့လဲသုံးလိုရတယ်။ အတော့်ကို စိတ်ကြိုက်ဖြစ်နေတယ်။ နောက်မှ English ဖက်မှာ review ကောင်းကောင်းရေးမယ်။ အင်း...နောက်မှတွေ များနေပီ။ ခုလဲ နောက်မှ ပို့စ်ကောင်းကောင်းရေးလိုက်တော့မယ်။ ယူစ်ဇာ မန်နယူရယ်လ် တစ်ခုရေးစရာရှိနေလို့ ဆက်လုပ်လိုက်ဦးမယ်။
Labels: Random Thoughts, တိုလီမုတ်စ
အော် သောကြာနေ့ရောက်သွားပြန်ပြီ။ ဒီအပတ်ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး။ တပတ်လုံးအရမ်းအလုပ်များတာပဲ။ ရုံးအလုပ်တွေ အများကြီးပဲ။ ပရောဂျက်က ဒီပလွိုင်းမန့် လုပ်ဖို့နီးပီဆိုတော့ ကျန်နေတဲ့ ဘာ့ဂ်တွေကို မြန်မြန်လိုက်ရှင်းနေရတယ်။ ခေါင်းကိုကိုက်နေတာပဲ။
မနေ့က အိမ်မှာ နှစ်ကူးလုပ်တယ်။ မေကြီး က အငယ်မဆီသွားလည်နေတော့ ဒီနှစ် အစားအသောက်တွေအကုန် ဆိုင်ကဝယ်ပြီးလုပ်ရတယ်။ ခေါက်ဆွဲကြော်က လုံးဝမကောင်းဘူး။ မေကြီး လက်ရာကို ခြေဖျားတောင်မမှီဘူး။ တခြားဟင်းတွေကလဲ သိပ်စားလို့မကောင်းသလိုပဲ။ ဟင်းတွေ၊ မုန့်တွေ အဖေ ဝယ်လာလိုက်တာ အလျုံပယ်ပဲ။ မနေ့ညက မကုန်လို့ ခွေးစာထဲ ထည့်လိုက်ရတာတွေ အများကြီး။ နှမျောလိုက်တာ။ တော်ရုံပဲ ဝယ်ပေါ့၊ ဒီနှစ် အမေအိမ်မှာ မရှိလို့ စတိလောက်ပဲလုပ်တာမဟုတ်ဘူးလို့ သွားပြောမိလို့၊ ငါ့ဟာငါ လုပ်ချင်လို့လုပ်တာ နင်ကဘာဖြစ်လဲ ဆိုပြီး အဆူတောင်ခံလိုက်ရသေးတယ်။ မနေ့ နေ့လယ်က ကန်တော့တာ ကျွန်မက ရုံးမှာ အလုပ်အရမ်းရှုပ်တော့ အဖေလာခေါ်တာကို မလိုက်ဘူး၊ မကန်တော့ဘူးဆိုပီး နေလိုက်တာ။ အငယ်ကောင်ပဲ ပါသွားတယ်။နှစ်တိုင်း နှစ်ကူးရောက်ရင် အဖေနဲ့ ရန်ဖြစ်ရတယ်။ ကျွန်မက တရုတ်လူများ ဘာသာ ထုံးတမ်းစဉ်လာ စသည်စသည်တွေကို ဘာမှသိတာမဟုတ်ဘူး။ သွေး အနဲငယ်ဆပ်တာပဲရှိတယ်။ ကိုယ်မသိတဲ့ စိတ်မဝင်စားတဲ့ ဟာကို လုံးဝမလုပ်ချင်ဘူး။ အဲတော့ ဒီနှစ်ရန်ဖြစ်ပီး လုံးဝ မကန်တော့လိုက်ဘူး။ အစားအသောက်တွေတော့စားလိုက်ပါတယ်။ မစားလို့ရင် လွှင့်ပစ်ရမှာ။ လုံးဝမကုန်ဘူး အများကြီး။ အဖေကလဲ အဲဒါနဲ့ပတ်သပ်ပြီး မကြည်ဘူး။ မတတ်နိုင်ဘူး၊ မလုပ်ချင်တာတခုကို ဟိုလူ့မျက်နှာထောက်၊ ဒီလူ့မျက်နှာထောက်ပြီး လိုက်လုပ်မနေနိုင်ဘူး။ အကြီးဆုံးသမီးဖြစ်လို့ ဒီအမွေကို ဆက်ခံရမယ်လို့ ဟိုနှစ်က အဖွားကပြောတယ်။ တခါတည်း ငြင်းပြီး လုံးဝမလုပ်နိုင်ဘူး ပြောပလိုက်တယ်။ အငယ်ကောင် လုပ်လေ့မယ်လို့ပြောလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သပ်ပြီး ကျွန်မတဖက်၊ အဖွားနဲ့ အဖေနဲ့ တဖက်၊ လုံးဝ မတည့်ဘူး။ အမေကတော့ တရုတ်စပ်ကို ယူထားမိတာဆိုတော့ သိပ်မပြောနိုင်ဘူး။ လုပ်စရာရှိတာ လုပ်ပေးလိုက်တာပဲ။ ကျွန်မနဲ့ကတော့ နှစ်ကူးရောက်တိုင်း တဆူဆူပဲ။ နောက်နှစ်လဲ မရှိခိုးနှိင်ဘူး။
ကျွန်မ အတွက် ရေရေရာရာ မသိတဲ့ လူမျိုး ထုံးတမ်းစဉ်လာ တစ်ခုကို အချိန်ကုန်ခံပြီး လုပ်မနေနိုင်ဘူး။ ကျွန်မကိုယ် ကျွန်မ တရုတ်တယောက်၊ တရုတ်ဆပ်တယောက် ဖြစ်တယ်လို့ ဘယ်တော့မှ မခံယူချင်ဘူး။ တကယ်လို့ ကျွန်မသော်၎င်း၊ သွေးဆပ်သူ အဖေ၊ အဖွားသော်၎င်း၊ တရုတ် စကားတတ်ခဲ့ရင်၊ ဒါမှမဟုတ် တရုတ်လိုနဲနဲနီးဆပ်ခဲ့ရင်၊ ကျွန်မအတွက် အော် ငါသည်လဲ သူတို့လူမျိုးနဲ့ သွေးတော်နီးဆပ်ပါလား ဆိုပီး ခံယူလို့ရသေးတယ်။ ခုဟာက အိမ်မှာ တယောက်မှ တရုတ်စကားလဲ မတတ်ဘူး၊ တရုတ်လိုလဲ မနေဘူး၊ ဘာဆိုဘာမှ မဆိုင်သလိုပဲနေပီး နှစ်ကူးကြမှ၊ ဟေး နှစ်ကူးလုပ်ရမယ်၊ ဟိုး အရင် ဘိုးဘေးဘီဘင် တွေလုပ်လာလို့၊ သားအကြီးဆုံးဖြစ်တဲ့၊ ငါ၊ နင့်အဖေဟာလဲ ဒီနှစ်ကူးကို အဖွားအလိုကျ၊ ထုံးစံအရ လုပ်ရမယ် ဆိုတာမျိုး။ လုံးဝစိတ်မဝင်စားဘူး ဒါမျိုး။ ဘယ်လောက်ဆူဆူ ငေါက်ငေါက် ကျွန်မကတော့ အလုပ်မပြတ်ဘူး အကိုင်မပြတ်၊ အစားအသောက်မပြတ်ဘူး။ ခေါင်းမာတယ်ပြောလဲ မတတ်နိုင်ဘူး။ ကိုယ် မကြိုက်ဘူး အသိဘူးဆိုရင်၊ လုံးဝ မစပ်ဆက်ချင်ဘူး။ထားပါတော့။ မနေ့က ပွစိပွစိ မျက်စောင်းထိုးခံ၊ အဆူခံရတာကို၊ ကောင်းကောင်းအစာမကြေလို့ ဒီပေါ်လာပီး ရင်ဖွင့်နေတာ။ ဒါပဲ။ အလုပ်ဆက်လုပ်လိုက်ဦးမယ်။
Enjoy your Friday.Labels: Random Thoughts
အော် သောကြာနေ့တောင် ပြန်ရောက်လာပြန်ပြီ။ ဒီအပတ် ဟိုလုပ်ဒီလုပ်နဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။
ဒီအပတ် ရုံးကို အချိန်မှီ ရောက်နေတယ်။ ပုံမှန်ဆိုရင် ၉:၃၀ လောက်မှ ရောက်နေကြ။ ရုံးက ၈:၀၀ - ၅:၀၀။ ကိုယ်တက်နေကြက ၉:၃၀ - ၆:၀၀. ဒါကြောင့် ဒီအပတ် ထူးထူးရှားရှား စောရောက်တာကို စာကြီးပေကြီးဖွဲ့နေတာ။ ကိုယ့်ကို ကိုယ်တောင် တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး အပြတ် ချီးမွှန်း ပစ်လိုက်သေးတယ်။
ပြောလို့သာပြောတာ။ ကိုယ်ဟာကိုယ် ဘယ်တော့မှ အိပ်ရာက မထဘူး။ မနက်တိုင်း အဖေက အိပ်ခန်းဝကနေ ၆:၃၀ လောက်ဆို လာလာအော်တယ်။ ခပ်တည်တည်ပဲ တုတ်တုတ်တောင် မလုပ်ဘူး။ ၇:၀၀ လောက်ကြတော့ mb alerm က ထမြည်တယ်။ နားညီးလို့ ပြန်ပိတ်လိုက်တယ်။ ၈:၀၀ လောက်ကြတော့ မောင် အငယ်ကောင်က နား နားကပ်ပြီး ငှက်ဆိုးထိုးသံနဲ့ "မစု ထတော့။ ၈နာရီ ထိုးပြီ။ နင် ဖေကြီးနဲ့လိုက်မှာလား taxi နဲ့သွားမှာလား" ဆိုပြီးအော်ပါလေရော။ ၁ချက် ၂ချက် အော်ရင် မမှုသေးဘူး။ သူက တခါတလေ ခြေထောက်နဲ့ကန်တယ်၊ ကန်လို့မရရင် ခြေထောက်ကကိုင်ပြီး ကတင်ပေါ်က ဆွဲချတယ်။ ကျွန်မ အမုန်းဆုံးက ကျွန်မ ကတင်ပေါ် သူ့ ဖိနပ်ကြီးနဲ့ တက်ပြီး ထထခုန်ခြင်းပဲ။ အဲလိုလုပ်လို့ကတော့ ငေါက်ခနဲ ထပြီး ရန်ထဖြစ်ပါလေရော။ အင်း အိပ်ချင်စိတ်လဲ အဲဒီမှတင်ပဲ ကြက်ပျောက် ငှက်ပျောက်ပေါ့။ ကျွန်မက ဘယ်သူမှ ကျွန်မ ကတင်ပေါ်တက်တာ မကြိုက်ဘူး။ အိပ်ရာခင်း တွန့်သွားမှာကို အလွန်မုန်းတယ်။ ကျွန်မ အိပ်ရင်လဲ အိပ်ရာခင်း မတွန့်အောင် တတ်နိုင်သမျှ ငြိမ်ငြိမ် အိပ်တတ်တယ်။ အဲဒီတော့ ကတင်ပေါ် တက်တက်ခုန်တတ်တဲ့ သူနဲ့ ကျွန်မနဲ့က အကြီးမားဆုံး ရန်သူတော်တွေပဲ။ ဘာပဲဖြစ်ဖြစ် ဒီအပတ် mb alerm သံကြားကတည်းက အိပ်ရာထဖြစ်ပြီး၊ အဖေ့ကားအမှီ လိုက်ဖြစ်တော့ ရုံးချိန်မှီနေတာပေါ့။
ထားပါတော့၊ စာလုံးတစ်လုံး တစ်မိနစ်နှုန်းနဲ့ type နေတာ။ Tea တောင် အေးသွားပြီ။ Google Reader ပေါ် မျက်စိခဏကစားလိုက်ပီး blog နဲနဲပေါ် ဟို hop ဒီ hop လုပ်လိုက်ရင်း အတွေးလေးတွေပေါ်လာပြီး အတွန့်တက်ချင်စိတ်လေးတွေပေါက်လာတယ်။ အင်း ရောဂါ၊ ရောဂါ။
blog တော်တော်များများမှာ gravatar enabled comment system ရှိကြတယ်။ blogger တော်တော်များများက အဲဒီ system ကို နှစ်သက် အသုံးပြုကြပါတယ်။ ကိုယ့် ပို့စ်ရဲ့ comment လေးတွေမှာ အရောင်အသွေးစုံ လေးထောင့်ပုံလေးတွေမြင်ရတော့ ပိုမျက်စိ ပဒါရသင့်တာပေါ့နော်။ ဒါပေမဲ့ တချို့တွေက regular blogger/commenter တွေဖြစ်သော်ငြားလည်း gravatar လေးတစ်ခုလုပ်ဖို့ကို အလွန်ဝန်လေးကြတယ်။ အော်ကျွန်မ သိပ်မုန်းတာပဲ။ ဘယ်လောက်မှ ကြာတဲ့ဟာမဟုတ်ဘူး။ ကျွန်မ gravatar ဆိုတခါလုပ်ပြီးတတည်းက နှစ်ပေါက်သုံးလာတာ။ ဘာမှကို maintenance တို့ password expire မဖြစ်ခင် ပြန်ဝင်ပါ လို့ စတဲ့ annoyance တွေမရှိဘူး။ ပြီးတော့ သူက photo host ဖို့လဲ မပူရဘူး။ ဒီလောက် convenient ဖြစ်ပြီး အလွန်အသုံးဝင် ချစ်ဖို့ကောင်းတဲ့ service လေးကို နော်၊ တစ်ချို့က ignore ထားကြတယ်။ ဝမ်းနည်းလိုက်တာ။ ကဲ အားတဲ့အခါ Gravatar account လေးတစ်ခုလောက်တော့ လုပ်ထားပါလား ရှင်ရယ်။ ရှင့် gravatar လေးကြောင့် ချစ်သူ၊ ခင်သူ၊ သတ်ချင်သူ တွေပိုပေါ်များလာပါလေ့မယ်။ စမ်းကြည့်လိုက်ပေါ့။
နောက်တစ်ခု တွေးမိတာက Multi-Blogs ရှိတဲ့သူတွေ (ကျွန်မလဲပါတယ်)၊ Blog domain/Hosting မကြာခဏ ပြောင်းရတယ့်သူတွေ Feedburner လေးကို အသုံးပြု သင့်တယ် ထင်တယ်။ အဲဒါလေး အသုံးပြုသောအားဖြင့် Blogger and Reader နှစ်ဦးနှစ်ဖက်အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ Feed Reader တွေအတွက် အလွန် convenient ဖြစ်ပြီး ကိုယ့် Blog ကို ဘယ်နှစ်ယောက် subscribe လုပ်တယ်ဆိုတာကို တော်တော်လေး နီးစပ်မှန်ကန်အောင် ခန့်မှန်းလို့ရပါတယ်။ ကျွန်မတောင် ၂ခုလုပ်ထားသေးတယ်။ လင့်ကို အရင် theme အဟောင်းတုန်းကတင်ထားတာ၊ ဒီအသစ်မှာ မတင်ရသေးဘူး။ မေ့သွားလို့ ခုမှကိုယ်ဟာကိုယ်ပြန်သတိရတယ်။
အဲလို feed ကို centralize သောအားဖြင့် Blogger ဟာသူ့ Blog အသစ်ပြောင်းတိုင်း Reader တွေကို Feed အသစ် subscribe လုပ်ခိုင်းစရာမလိုတော့ဘူး။ Feedburner control panel ထဲမှာ new feed ကို ထည့်လိုက်ရုံပဲ။ ဆိုကြပါဆို့ ကျွန်မအရင် mayvelous.blogspot.com က .atom.xml အနေနဲ့ feed ထွက်တယ်။ နောက် blogger.com အသစ်ပြောင်းတော့ rss feed ပုံစံသစ်၊ လင့်အသစ်နဲ့ ထွက်ပြန်ရော။ နှစ်မျိုးစလုံးကလဲ အလုပ်လုပ်တယ်။ subscriber တွေကလဲ သူတို့ကြိုက်ရာရွေး subscribe တယ်။ အားလုံးကောင်းပါတယ်။ ဒါပေမယ့် tracking ကြတော့ဒုက္ခရောက်ရော။ ဘယ် feed မှာ ဘယ်နှစ် subscription ရှိမှန်းမသိတော့ဘူး။ ပိုဆိုးတာက တကယ်လို့ ကျွန်မ blog domain ပြောင်းမယ်ဆိုပါတော့၊ feed link ကအဲဒီ domain အသစ်အတ်ုင်း ပြောင်းသွားပြန်ရော။ Redirecting domain ဆိုရင် သိပ်ကိစ္စမရှိဘူး၊ အရင် link အဟောင်းနဲ့လဲ အလုပ်ဖြစ်နေနိုင်သေးတယ်။ ဒါပေမယ့် redirect တာတင်မဟုတ်ပဲ host change တာတို့၊ blog platform change တာတို့ဆိုရင် အရင် feed link အဟောင်းနဲ့ အလုပ်မလုပ်တော့ဘူး။ အဲဒီကြမှ readers တွေကို feed link subscription change ခိုင်းရင် အသာလေး half of the readers will gone missing. တချိုက အားကြီးအပြင်းထူကြတာ ကျွန်မအပါမဝင်ပါပဲ။ တော်ရုံတန်ရုံ အလုပ်ရှုပ်ရမယ့် ကိစ္စဆို ဘယ်လောက်ပဲလွယ်ပစေ၊ မလုပ်ချင်ကျဘူး။ တကယ်လို့ centralize feed ရှိမယ်ဆိုရင်၊ ကိုယ့် feed link ဘယ်လောက်ပြောင်းသွားပစေ။ subscriber တွေတောင် မသိစေရဘူး၊ သူတို့တွေလဲ အလုပ်မရှုပ်တော့ဘူး၊ tracking အတွက်လဲပိုလွယ်ကူသွားတာပေါ့နော်။ အဲဒီတော့...ပြောချင်တာက (ဟူးမောလိုက်တာ လေရှည်နေတာ၊ လိုရင်းမရောက်တော့ဘူး) ... try to centralize your feed by burning your feeds in a feedburner account. There you go, that's what I wanna say. Geez!
ကျန်သေးတယ်၊ နောက်တစ်ခု ထပ်ရှည်လိုက်ဦးမယ်။ Multiple-blogs ပိုင်သူတွေဟာ Feed ၃ ၄ ခုကို combine ချင်ရင် ဒီကောင်လေးကို သုံးကြည့်ပါ။ ပြီးရင် feedburner ထဲထည့် burn ပါ။ Ok မှာ စိုပြေစေရမယ်။
တော်ပြီ type ရတာပြင်းလာပြီ၊ အတွေးတွေက ရှိသေးတယ် နောက်မှဆက်တော့မယ်။ ဒီကနေ့အတွက် အက်တစ်ဖ် ဘာ့ဂ် ၄၄ ကောင် ထုထောင်းစရာရှိသေးတယ်။ အလုပ်ဆက်လုပ်လိုက်ဦးမယ်။
ဒီပို့စ်ကို လဖ္ကရည် တစ်ခွက် အတွေး လို့ ခေါင်းစဉ်တတ်မလို့၊ လက်ဖက်ရည် ကိုဘယ်လို ပေါင်းရမှန်း မေ့သွားတာနဲ့၊ အဟီး။
Enjoy your Friday and have a good weekend. (အဲတာကို မြန်မာလို ဘယ်လိုပြောလဲ)
Labels: Blogging, Random Thoughts
အမှတ် ၉၈၀ နဲ့ စာမေးပွဲ တစ်ခု ဒီနေ့ နေ့လည် ၃နာရီတွင် အောင်မြင်စွာ ဖြေဆိုပြီးသွားကြောင်း။
ဟီးဟီး ကြွားတာ။
စာမေးပွဲ ၃ ခုပြီးသွားပြီကွ၊ နောက်ထပ် ၂ ခုပဲလိုတော့တယ်။ ပြီးရင် ကောင်းကောင်းအိပ်မယ်။
အော် ဒါနဲ့ Little Mayvelous Things ကို http://mayvelous.myanmarbloggers.org လင့်နဲ့လဲ ဝင်လို့ရပါပြီ။ ဟိုနေ့က main site နဲ့ ဒီဘလော့ဂ်က template တွေလဲရင်း စိတ်ကူးရတာနဲ့ မမီဆီက subdomain request လိုက်တာ။ ကျွန်မရဲ့ mayvelous.com မှာ ဘယ်လို subdomain ကို configure လုပ်ရမှန်းမသိတာလဲပါတယ်။ ဘာပဲဖြစ်ဖြစ် myanmarbloggers.org ကောင်းမှုလေးနဲ့ ရလိုက်တဲ့ ဒီ subdomain အတွက် ကျေးဇူး တင်ကြောင်းပါ။
သာဓု၊ သာဓု။ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ။ ဟီး။

